သြဝါဒခံယူပွဲနှင့် ရုံးခန်းသစ်ဖွင့်လှစ်ပွဲ အခမ်းအနား

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း၏ ရုံးခန်းသစ် ဖွင့်လှစ်ပွဲအခန်းအနားနှင့် ဆရာ၊ ဆရာမကြီးများထံမှသြဝါဒခံယူပွဲ အခန်းအနား ကို (၂)ရက် (၁၂)လ (၂၀၁၆) ခုနှစ် နံနက် (၉) နာရီအချိန်တွင် ဆေးတက္ကသိုလ်-မန္တလေး အောင်ပင်လယ်ခန်းမ(၂) နှင့် အဆိုပါရုံးခန်းသစ်တွင် ကျင်းပခဲ့ကြပါသည်။

ဆေးတက္ကသိုလ်ကျောင်းသား ဟောင်းများအသင်း ဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်နှင့် အမှုဆောင်များမှ တက်ရောက်လာကြသော ဆေးတက္ကသိုလ်-မန္တလေး၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားပါမောက္ခ ဆရာ၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။ သြဝါဒခံယူပွဲကို အောင်ပင်လယ်ခန်းမ(၂) တွင် အခန်းအနား အစီအစဥ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

ယင်းနောက် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း၏ ရုံးခန်းသစ်အရှေ့တွင် ဆရာကြီး အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာတင်မောင်ဟန်၊ အငြိမ်းစားပါမောက္ခ ဒေါ်ကြူကြူဆွေ နှင့် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်တို့မှ ဖဲကြိုးဖြတ်ကာ အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဆရာ ဆရာမကြီးများ အလှူရှင်များနှင့် ဧည့်သည်တော်များ ရုံးခန်းသစ်သို့လှည့်လည် ကြည့်ရှူခဲ့ကြပါသည်။ တက်ရောက်လာကြသော ဆရာ ဆရာမကြီးများနှင့် ဧည့်သည်တော်များအား အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

Comments

comments

SHARE