ပျော်ရွှင်တက်ကြွ လူငယ်ဘဝ

ပျော်ရွှင်တက်ကြွ လူငယ်ဘဝ (Happy and Healthy Youth Life)

လူငယ်ဖွံဖြိုးရေးသင်တန်း

သင်တန်း၏ရည်ရွယ်ချက်

(၁) လူငယ်များ သိသင့်သိထိုက်သော ကျန်းမာရေးနှင့် ပတ်သက်သည့် အခြေခံဗဟုသုတများ ရရှိစေရန်။

(၂) ရရှိသောအခြေခံဗဟုသုတများကို မူတည်၍ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ ပြုမူဆောင်ရွက် လာစေရန်။

(၃) မိသားစုနှင့်ပတ်ဝန်းကျင်တွင်အဆင်ပြေစွာ နေထိုင်ဆက်ဆံတတ်ပြီး ပတ်ဝန်းကျင်ကောင်းကိုရှာဖွေ နိုင်စေရန်။

(၄) ဘဝနှင့်ပတ်သက်သော တန်ဖိုးထားမှုများအကြောင်း နားလည်ပြီး မိမိ၏လူကြိးဘဝအတွက် ပြင်ဆင်ရာတွင်

အထောက်အကူဖြစ်စေရန်။

သင်တန်းတက်ရောက်ရန် လိုအပ်သောအရည်အချင်း

(၁) ဆေးနှင့်နှီးနွယ်တက္ကသိုလ်(မန္တလေး)(၆)ခုမှပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသားကျောင်းသူများဖြစ်ရပါမည်။

(၂) သင်တန်းကာလ(၄)ရက်စလုံး မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရပါမည်။

(၃) သင်တန်းပြီးဆုံးပြီးနောက် လူငယ်များကို စုစည်းဦးဆောင်ကာ လူငယ်ဖွံဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆက်လက်ဦးဆောင် လှုပ်ရှားလိုသည့် ရည်ရွယ်ချက်ထားရှိသူဖြစ်ရပါမည်။

(၄) မိဘ၊အုပ်ထိန်းသူ၏ခွင့်ပြုချက်ဖြင့်သာ သင်တန်းသို့ တက်ရောက်ရပါမည်။

သင်တန်းသားဦးရေ

စုစုပေါင်း(၄၀)

ဆေးတက္ကသိုလ်မန္တလေး ၂၀(ကျား ၁၀ ၊ မ ၁၀)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ၄ (ကျား ၂ ၊ မ ၂ )

သူနာပြုတက္ကသိုလ် ၄ (ကျား ၂ ၊ မ ၂ )

ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ၄ (ကျား ၂ ၊ မ ၂ )

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၄ (ကျား ၂ ၊ မ ၂ )

တိုင်းရင်းဆေးတက္ကသိုလ် ၄ (ကျား ၂ ၊ မ ၂ )

သင်တန်းကာလ

၂၀၁၇ ဧပြီလ – ၂ ၊ ၃ ၊ ၄ ၊ ၅

နေ့စဉ် – နံနက် (၉) နာရီမှ (၄) နာရီအထိ

(တစ်ရက်တွင် ညပိုင်းသင်ခန်းစာတစ်ခုပါရှိမည်။ ညအိပ်ရန်မလိုအပ်ပါ။)

သင်တန်းတည်နေရာ

အောင်ပင်လယ်ခန်းမ (၂) နှင့် (၃)

ဆေးတက္ကသိုလ် ၊ မန္တလေး။

သင်တန်းနည်းပြ

ဒေါက်တာဦးနေဝင်း (ရန်ကုန်)

ဒေါက်တာဦးလွှမ်းမိုး ( မန္တလေး)

ဒေါက်တာဒေါ်ခင်စန္ဒာအောင် (မန္တလေး)

သင်တန်းကြေး

အခမဲ့သင်တန်းဖြစ်သည်။ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်း(University of Medicine Mandalay Alumni Association-UMMAA)ကကြီးမှူးတာဝန်ခံ ကျင်းပပြုလုပ်စီစဉ်ပါမည်။

မှတ်ချက် ။ ။သင်တန်းတက်ရောက်မည့်သူစာရင်းအား (၂၄.၃.၂၀၁၇ နေ့လည် ၁၂ း ၀၀ နာရီ ) နောက်ဆုံးထား၍ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းရုံးခန်းသို့ ပေးပို့ပါရန်။

                                                            ပါမောက္ခဒေါက်တာဒေါ်သီတာ

                                                            အဖွဲ့ခေါင်းဆောင်

                                                            လူငယ်ဖွံ့ဖြိုးရေးသင်တန်းဖြစ်မြောက်ရေးကော်မတီ

                                                            ဆေးတက္ကသိုလ်-မန္တလေး-ကျောင်းသားဟောင်းများအသင်း

 

 

 

 

Comments

comments

SHARE