အိမ်ပြန်ချိန်မဂ္ဂဇင်းအတွက် စာမူများပေးပို့ရန် ဖိတ်ခေါ်ခြင်း

 

ဆေးတက္ကသိုလ် – မန္တလေး ကျောင်းသားဟောင်းများအသင်းက Homecoming Day အမှတ်တရ စာစောင်ထုတ်ဝေမည် ဖြစ်ပါသဖြင့် ဆေးတက္ကသိုလ် – မန္တလေးတွင် တက်ရောက်ခဲ့သော ကျောင်းသား/သူဟောင်းများကို စာမူများပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

စာမူပေးပို့ရာတွင်

  • မြန်မာဘာသာဖြင့်လည်းကောင်း
  • အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း

(၁၅.၁၀.၂၀၁၇) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

ပေးပို့နိုင်သော စာမူများ
ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ စာတမ်း၊ ဝတ္ထုတို၊ ကာတွန်း

စာမူပေးပို့ရာတွင်
၁။ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ အမည်၊ ဘွဲ့ရခုနှစ်
၂။ မိမိကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်းနှင့် အခြားဂျာနယ်၊ မဂ္ဂဇင်းတိုက် တစ်ခုခုသို့ ပေးပို့ထားခြင်းမရှိကြောင်း ဝန်ခံချက်တို့ ဖော်ပြပါရှိရမည်။

စာမူပေးပို့နိုင်သော နေရာများ
၁။ ဆေးတက္ကသိုလ်မန္တလေး ကျောင်းသားဟောင်းများအသင်း – ဆေးတက္ကသိုလ်မန္တလေး ။
၂။ ummalumni2017@gmail.com
၃။ info@ummalumni.com

Comments

comments

SHARE