ပထမနှစ် အမ်ဘီဘီအက်စ် (၁၂/၂၀၁၇) သင်တန်းမှ ကျောင်းသားများနှင့် အလှူရှင်များတွေ့ဆုံပွဲ အခမ်းအနား

ဆေးတက္ကသိုလ်-မန္တလေး၊ ကျောင်းသားဟောင်းများအသင်းမှတစ်ဆင့် ပညာသင်ထောက်ပံ့ကြေးအဖြစ် လှူဒါန်းပေးပါသော စေတနာ့ရှင် အလှူရှင်များ၏ အလှူငွေများကို လက်ခံရယူပေးသာ ပထမနှစ်အမ်ဘီဘီအက်စ်(၁၂/၂၀၁၇)သင်တန်းမှ ကျောင်းသားကျေင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဆေးတက္ကသိုလ်-မန္တလေး၊ ရွှေရတုခန်းမတွင် ကျင်းပခဲ့ပါသည်။
ပထမနှစ်အမ်ဘီဘီအက်စ်(၁၂/၂၀၁၇)သင်တန်းမှ ကျောင်းသားကျောင်းသူ(၁၀)ဦးအား ပထမနှစ်သင်တန်းစတင်ချိန်မှစ၍ နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းပြီးဆုံး သည်အထိ ပညာသင်စဉ်ကာလတစ်လျှောက်လုံး ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ပါသည်။
စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပေးပါသော အလှူရှင်များအား ကျောင်းသားဟောင်းများအသင်းမှ ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်နှင့် တကွ အသင်းသူအသင်းသားများအားလုံးက ကျေားဇူးအထူးတင်ရှိပါသည်။

Comments

comments