ဆေးတက္ကသိုလ်-မန္တလေး မဟာသင်္ကြန်ပွဲတော် (၂၀၁၉)

ကျောင်းသားဟောင်းများနှင့် လက်ရှိကျောင်းသားများ အချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ်-မန္တလေး မဟာသင်္ကြန်ပွဲတော် (၂၀၁၉) ပါ၀င်ဆင်နွဲခဲ့ပါသည်။ဆေးတက္ကသိုလ်-မန္တလေး မိသာစု မဟာသင်္ကြန်အတာရေသဘင် မဏ္ဍပ်ဆောက်လုပ်ရေးအတွက် အသင်းမှ ငွေကျပ် (၅)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။သင်္ကြန်ရက်များတွင် ကျောင်းသားဟောင်းများနှင့် လက်ရှိကျောင်းသားများ ခင်မင်ရင်နှီးစွာ ရေကစားခဲ့ကြပါသည်။(၁၃.၄.၂၀၁၉) သင်္ကြန်အကြိုနေ့ နေ့လယ်ပိုင်းတွင် အသင်းမှ အုန်းပေါင်း ငှက်ပျောကြော် စတုဒိသာများကို ကျွေးမွေးဧည့်ခံခဲ့ပါသည်။

Comments

comments