အိမ်ပြန်ချိန်စာစောင် (၂၀၂၀) အတွက် စာမူများဖိတ်ခေါ်ခြင်း

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းက အိမ်ပြန်ချိန် စာစောင် (၂၀၂၀) ထုတ်ဝေမည်ဖြစ်ပါသဖြင့် ဆေးတက္ကသိုလ် – မန္တလေးတွင် တက်ရောက်ခဲ့သော ကျောင်းသား/ကျောင်းသူ များကို စာမူများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။
စာမူပေးပို့ရာတွင် မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း (၃၁.၁၀.၂၀၁၉) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
ပေးပို့နို်င်သောစာမူများ
– ကဗျာ၊ဆောင်းပါး၊၀တ္ထု၊စာတမ်း၊ကာတွန်း စသည် ပေးပို့နိုင်ပါသည်။
– ၂၀၁၉ သည် ဆေးတက္ကသိုလ်-မန္တလေး ၆၅နှစ်ပြည့်သည့်နှစ်လည်း ဖြစ်သဖြင့် အထိမ်းအမှတ် စာမူများလည်း ပေးပို့နိုင်ပါသည်။
စာမူပေးပို့ရာတွင်
– ၁။ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ အမည်၊ ဘွဲ့ရခုနှစ်။
– ၂။ မိမိကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်းနှင့် အခြားဂျာနယ်၊ မဂ္ဂဇင်းတိုက်တစ်ခုခုသို့ ပေးပို့ထားခြင်းမရှိကြောင်း ၀န်ခံချက်တို့ ဖော်ပြပါရှိရပါမည်။
– ၃။ စာမူပေးပို့ရာတွင် ကွန်ပျူတာဖြင့် ရိုက်နှိပ်၍ Hard Copy အပြင် Soft Copy ပါ ပို့ပေးစေလိုပါသည်။

စာမူပေးပို့နိုင်သောနေရာများ
– ၁။ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းရုံးခန်း ၊ ဆေးတက္ကသိုလ်-မန္တလေး။
– ၂။ ummaamagazine2020@gmail.com

Comments

comments