Community Fever Clinic များဖွင့်လှစ်နိုင်ရန်နှင့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ခြင်း လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် စစ်တမ်း

မန္တလေးခရိုင်အတွင်း Community Fever Clinics ဖွင့်လှစ်နိုင်ချေရှိ/မရှိ ကျန်းမာရေးဝန်ထမ်းများ၏ အမြင်ကို လေ့လာဆန်းစစ်ခြင်း ကို ဆေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုသုတေသန၏ရည်ရွယ်ချက်မှာ မန္တလေးခရိုင်အတွင်းရှိ အစိုးရဆေးရုံ/ဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဌာနများတွင် ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ၏
(၁) community fever clinics ဖွင့်လှစ်ခြင်းအပေါ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်လိုခြင်းရှိ၊မရှိ သိရှိနိုင်ရန်နှင့်

(၂) community fever clinics ဖွင့်လှစ်နိုင်ရန် ဖြစ်နိုင်ချေရှိ၊မရှိအပေါ် ၎င်းတို့၏အမြင်ကို သိရှိနိုင်ရန် တို့ဖြစ်ပါသည်။

အောက်ပါ link တွင် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

Unicode Font (ယူနီကုတ်)-

https://forms.gle/vThhmbRdARzzkhgJ6

Zawgyi Font (ဇော်ဂျီ)-

https://forms.gle/SDJZ7eHDQrVL3VJq7

Comments

comments