“Faculty Training on PowerPoint Presentation” သင်တန်း ဖွင့်လှစ်ခြင်း

ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်း၏ ရည်ရွယ်ချက် (၁) ြဖစ်သည့် တက္ကသိုလ်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ တက္ကသိုလ်၏ ပညာရည်အဆင့်အတန်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် လည်းကောင်း၊ အကြံဉာဏ်ပေးရန်နှင့် တတ်နိုင်သည့် ကဏ္ဍမှနေ၍ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းက ဦးဆောင်ပြီး Faculty development of UMM teaching staff ပထမနှစ် ဆရာ/မ (၁၂၀) ကျော် နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဆရာ၊ဆရာမ (၂၀) ဦး တို့အား “Faculty Training on PowerPoint Presentation” သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းကို ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်းဝင်တစ်ဦးြဖစ်သည့် ဒေါက်တာသီတာထွန်း၏ မောင်ြဖစ်သူ ဒေါက်တာဆန်းမော် (Professor Chindwin Collage) မှ လာရောက်၍ သင်တန်းဆရာအဖြစ် ဆောင်ရွက်ပေးပါသည်။ တစ်ပတ်လျှင် (၂) ရက် နှုန်းြဖင့် သုံးပတ် သင်ကြားပေးပါသည်။
သင်တန်းဖွင့်ပွဲအား ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်း ဉက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်မှ အဖွင့်အမှာစကားပြောကြားြပီး အသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလတစ်လျှောက်လုံးတွင် သင်တန်းသား ဆရာဆရာမ များ နေ့စဉ် သောက်သုံးရန်အတွက် ရေသန့်ဗူးများ နေ့လယ်စာ အစာပြေ နေ့လယ်စာမုန့်များကို ဒေါက်တာသိန်းထွန်း၊ ဒေါက်တာ Roland Nyi Nyi နှင့် ဒေါက်တာမြင့်မြင့်ချို တို့မှ လှူဒါန်းခဲ့ပါသည်။

“Faculty Training on PowerPoint Presentation” သင်တန်းအား သင်ကြားပေးခဲ့သော ဆရာဒေါက်တာဆန်းမော်အား ဆရာကြီးပါမောက္ခဒေါက်တာခင်မောင်လွင်မှ UMM အမှတ်တရပစ္စည်း၊ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆရာဒေါက်တာဆန်းမော်မှ ရရှိသော သင်တန်းကြေးများအား ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း အထွေထွေရန်ပုံငွေအတွက် ပြန်လည်လှူဒါန်းခဲ့ပါသည်။
သင်တန်းသူ သင်တန်းသားများ ကိုယ်စား သင်တန်းသူ ဆရာမတစ်ဦးမှ ဆရာဒေါက်တာဆန်းမော်အား လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။