အမရပူရ ရေဘေးတွင် ဆေးတက္ကသိုလ်-မန္တလေး နှင့် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းမှ EC Member များ စုပေါင်း၍ ပဲထမင်း၊ ကြက်သား၊ သရက်ချဉ်၊ ဘာလချောင်ကြော် ထမင်းထုတ် အထုတ် (၂၀၀၀) အတွက် ငွေကျပ် (သိန်း ၂၀) ဖိုး ကို ဆေးတက္ကသိုလ်-မန္တလေး မှလည်းကောင်း၊ ထမင်းထုတ်ပေါင်း (၇၀၀) ခန့် ငွေကျပ် (၇သိန်း)ဖိုး ကို ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းမှ EC Member များစုပေါင်း၍ လည်းကောင်း လှူဒါန်းခဲ့ပါသည်။
UMM မှ မော်ကွန်းထိန်းများ၊ နယ်မြေအရာရှိများ၊ UMMAA မှ Members များ အမရပူရထိသွားရောက်ပြီး ဓမ္မာရုံထဲက ရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။