ဆေးတက္ကသိုလ်-မန္တလေး ဝန်ထမ်းများ ဆရာ ဆရာမများကို ECG နဲ့ BMI တိုင်းတာစစ်ဆေးပေးခြင်း

4.8.2020 နေ့ တွင် UMM Clinic တွင် ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်းကကြီးမှုးပြီး ဆေးတက္ကသိုလ်-မန္တလေး ဝန်ထမ်းများ ဆရာ ဆရာမများကို ECG နဲ့ BMI တိုင်းတာစစ်ဆေးပေးခဲ့ကြပါသည်။ ECG 60 ခန့် BMI 70 ခန့် စစ်ဆေးပေးနိုင်ခဲ့ပါသည်။ ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်မှ လိုအပ်သည်များကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ECG result and management ကို အသင်းကြီး၏ ဒုဥက္ကဌ ပါမောက္ခဒေါ်အေးအေးချစ်ကဆောင်ရွက်ပေးပြီး Clinic treatment ကို Dr ဝင်းဝင်းနွဲ့၊ Dr မီမီဌေး၊ Dr မသန့်ဇင်၊ Dr သီတာထွန်း တို့ကဆောင်ရွက်ပေးခဲ့ကြပါသည်။ ECG စက်၂ လုံးနဲ့ Staffs များကို UMMAA EC member ဖြစ်သော Dr ကြူကြူက ကူညီပေးပြီး BMI တိုင်းတာခြင်းကို Meclods Comp ကကူညီပေးခဲ့ကြပါသည်။  လူနာ ၆၀ ခန့်ကြည့်လိုက်ရပါသည်။ EC member Dr သိန်းထွန်းက Metformin 10 ဘူးလှူသွားပြီး Dr နန်းတင်တင်ဌေးက Gel ဘူး၂ ဘူးလှူပေးပါသည်။ 4.8.2020