Invitation: UMMAA Virtual Homecoming Day Ceremony 2021

👨‍🎓ဆေးမန်းရဲ့ ကျောင်းသား ၊ ကျောင်းသူ ဟောင်းများ ခင်ဗျာ 👩‍🎓

😃လာမယ့် ၂၀၂၁ , ဇန်နဝါရီလမှာ မိမိတို့ ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားဟောင်းများအသင်း က နှစ်စဥ် ကျင်းပပေးနေကြ UMM Homecoming Day အခမ်းအနားလေး ကျင်းပခဲ့တာ ၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ် ။

ဒီနှစ်မှာတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေတွေကြောင့် အရင်လို မန္တလေးမှာ စုစည်း တွေ့ဆုံခွင့် ၊ အခမ်းအနားလေးတွေပြုလုပ်ခွင့် ရနိုင်မှာမဟုတ်ပါဘူး ။ 😥

ဒါပေမယ့် 😀😀😀
ကျွန်တော်တို့ UMMAA အသင်းကနေ အားလုံး online ကနေ ပါဝင်နေမယ့် အစီအစဥ်လေးတစ်ခု စီစဥ်ထားပါတယ် ။ 🤩🤩🤩

အဲ့ဒါကတော့ UMMAA Virtual Homecoming Day Ceremony 2021 ပါ ။

ဘယ်လို Homecoming မျိုးလဲ ။

အမိ ဆေး-မန်းရဲ့ ပဲ့ကိုင်ရှင် ဆရာကြီး ဆရာမကြီးများရဲ့ ရင်တွင်းဖြစ်စကားသံတွေ၊ အမိ​ ဆေး-မန်းရဲ့ ရင်နှစ်သည်းချာ ကျောင်းသားဟောင်းတွေရဲ့ အလွမ်းပြေ အမှတ်တရ စကားတွေ၊ ဆရာတွေ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေပါဝင်တဲ့ ဆေး-မန်းရဲ့ အတိတ်က နေ့ရက်တွေ ပုံရိပ်တွေကို Online မှတဆင့် စုစည်းတဲ့ အစီအစဥ်လေးပဲဖြစ်ပါတယ် ။

ဒီအစီအစဥ်လေးကို ဘယ်နေ့မှ ကျင်းပမှာလဲ။

လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ မှတ်မှတ်ရရ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၁၉၅၄ ခုနှစ်က​နေ ယနေ့အထိ ဆေး-မန်းနဲ့ သံယောဇဉ် ငြိတွယ်ခဲ့ကြသော ဆေး-မန်းက ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ အားလုံး UMMAA Virtual Homecoming 2021 ကို ပါဝင် ဆင်နွှဲ လိုက်ကြပါစို့။

University of Medicine Mandalay is inviting you to a scheduled Zoom meeting.

Topic: UMMAA Homecoming Day Ceremony
Time: Jan 4, 2021 01:00 PM Rangoon

Join Zoom Meeting
https://us02web.zoom.us/j/83314114800?pwd=VWdCaEZ5Y21zTUF2U05IRlBxRWEwdz09

Meeting ID: 833 1411 4800
Passcode: 426617