အားလုံးသိကြတဲ့အတိုင်း ဆေးတက္ကသိုလ် မန္တလေးဟာ ၁၉၅၄ခုနှစ်မှာ စတင်ခဲ့ပါတယ်။
စတင်ခြင်းရဲ့နောက်မှာ အမှတ်တရတွေများစွာ ရှိနေပါတယ်။
ကျောင်း၀င်တာ တူလို့ပဲ ဖြစ်ဖြစ်၊ ဝင်လာရင်းနဲ့မှ ရင်ဘတ်ချင်း တူသွားကြလို့ပဲဖြစ်ဖြစ် တူတူ သွားရင်း နားရင်း စားရင်းနဲ့ သို့မဟုတ် တူတူ တော်ရင်း ကျော်ရင်း မော်ရင်းနဲ့ မဆုံးနိုင်တဲ့ အမှတ်တရတွေဟာ အမိ-ဆေးမန်း နာမည်နဲ့အတူ နှလုံးသားမှာ ကိန်းခိုနေကြမှာပါ။
ကံကောင်းသူတွေအဖို့က အဲဒီ အမှတ်တရလေးတွေကို မှတ်တမ်းတင်နိုင်ခဲ့ပြီး သိမ်းဆည်းထားနိုင်တဲ့ အခွင့်အရေး ရရှိခဲ့ကြမှာပါ။
အဲဒီအမှတ်တရတွေကို မျှဝေခံစား ကြည်နူးဖို့ UMMAA ရဲ့ Commemoration Campaign 2021 လာပါပြီ။
UMM Commeration Campaign 2021 ဆိုတာ ဘာလဲ ?
ဆေးမန်းရဲ့ ကျောင်းသား ၊ ကျောင်းသူဟောင်းတွေ ၊ ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းတော်ကြီးရဲ့ အငွေ့အသက် တွေ ပါဝင်တဲ့ မှတ်တမ်းဓာတ်ပုံများကို စုဆောင်းသွားမယ့် campaign အစီအစဉ်ပါ ။
ဒီအစီအစဉ်ကနေ ဘာတွေ အကျိုးရှိနိုင်မှာလဲ။
ဟုတ်ကဲ့။ စုဆောင်းရရှိလာတဲ့ ပုံရိပ်တွေကို UMMAA တာဝန်ရှိသူများမှ စိစစ်ရွေးချယ်ပြီး Memory Book ထုတ်ဝေခြင်း ပြုလုပ်သွားဖို့ရှိပါတယ်။
နောက်ပြီး စုဆောင်းရရှိလာတဲ့ ရှားပါး ဓာတ်ပုံများကို တစ်ချိန်မှာ ပေါ်ထွန်းလာမယ့် UMM Museum မှာတခမ်းတနား ပြသထားနိုင်မှာပဲဖြစ်ပါတယ် ။
ကျွန်တော်တို့ရဲ့ မဝေးတော့တဲ့ အနာဂတ်က ဆေးတက္ကသိုလ် မန္တလေး စိန်ရတုအတွက်လည်း သမိုင်းဝင်ဓာတ်ပုံတွေ စုဆောင်းပြီးသား ဖြစ်စေမှာပါ ။
ဒီ Campaign လေးမှာပါဝင်ချင်တယ်ဆိုရင်တော့ UMMAA ရဲ့ email info@ummalumni.com ဒါမှမဟုတ် ဆေးတက္ကသိုလ် မန္တလေးသို့ ဓာတ်ပုံနှင့် သက်ဆိုင်ရာ အချက်အလက်များ၊ အမှတ်တရ စာတမ်းတိုလေးများကို ပို့ပေးရမှာပါ။
January လ ၅ရက်နေ့ UMM Virtual Homecoming Day Ceremony 2021 အမီ Memory Book အနေနဲ့ အလွယ်တကူ အမြတ်တနိုး ဖတ်ရှုနိုင်အောင် ummalumni.com မှာ e-book download link ချပေးမှာဖြစ်လို့ December လ ၃၁ ရက်နေ့မတိုင်မီ ဓာတ်ပုံများပါဝင်ပေးပို့ ဆင်နွှဲနိုင်ကြရန် တိုက်တွန်းလိုက်ရပါတယ် ။