မန္တလာဆေးရုံမှ အလှူငွေ သိန်း(၅၀) ပေးအပ်လှူဒါန်း

ဆေးတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းသို့ အလှူငွေပေးအပ်ပွဲကို (၁၉)ရက် (၁၀)လ (၂၀၁၆)ခုနှစ် တွင် ဆေးတက္ကသိုလ်မန္တလေး၌ ကျင်းပခဲ့ပါသည်။ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်မောင်ဟန် မန္တလာဆေးရုံ ကိုယ်စား အလှူငွေကျပ် သိန်းငါးဆယ်ကို ဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်းသို့ ပေးအပ်လှူဒါန်းရာ ဆေးတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်မှ လက်ခံ ရယူခဲ့ပါသည်။ ထို့နောက် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ နှင့် အလှူရှင်တို့ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

Comments

comments

SHARE