Home လာမည့်အစီအစဉ်

လာမည့်အစီအစဉ်

UMM Library Free Coffee Corner အစီအစဉ်

ဆေးတက္ကသိုလ်-မန္တလေး၊ ကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ Free Coffee Corner အစီအစဉ်အား UMM Library တွင် (၁-၂-၂၀၁၉) မှ စတင်မည် ဖြစ်ပါ၍ ကျေင်းသား/သူများနှင့် ဆရာ/မများ အားလုံး ကော်ဖီအခမဲ့ သုံးဆောင်နိုင်ပါသည်။ အလှူရှင်များအားလည်း ထပ်မံလှူဒါန်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စုပေါင်းလမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲနိုင်ရန် ကြိုတင်အသိပေးခြင်း

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများနှင့် ဆေးတက္ကသိုလ်-မန္တလေးမှ ဆရာ/ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသူ၊ကျာင်းသားများ ပါ၀င်သော ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲပေးပါရန် ဖိတ်ကြားအပ်ပါသည်။  

Homecoming Day ဆင်နွှဲနိုင်ရန်ကြိုတင်ဖိတ်ခေါ်ခြင်း

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများ၏ Homecoming Day (2019)နှင့် အသင်းနှစ်ပတ်လည်အစည်းအဝေးကို (၅.၁.၂၀၁၉) စနေနေ့ နံနက်၈းဝဝ နာရီ ဆေးတက္ကသိုလ်-မန္တလေး ပင်မဆောင်ရှေ့တွင် ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ နံနက်ပိုင်းပဲ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ဓါတ်ပုံပြပွဲ၊ပြိုင်ပွဲများ၊ အခမ်းအနားကျင်းပခြင်းနှင့်ဂုဏ်ပြုလွှာချီးမြှင့်ခြင်း၊ နေ့လယ်ပိုင်းတွင် Tea break ၊ နှစ်ပတ်လည်အစည်းအဝေး၊ စကားရည်လုပွဲနှင့်ဆုချီးမြှင့်ခြင်း ၊ ညနေပိုင်းတွင် တေးဂီတဖျော်ဖြေပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အထက်ပါအစီအစဉ်များတွင် ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားဟောင်းများအသင်းမှ တစ်ထပ်တစ်အားပါ၀င်ဆင်နွှဲကြပါရန် ဖိတ်ခေါ် အပ်ပါသည်။