ပါမောက္ခ ဒေါ်အေးအေးချစ်

ဒု-ဥက္ကဋ္ဌ (၂)

ပါမောက္ခ ဒေါက်တာအေးအေးချစ်သည် မန္တလေးမြို့ဇာတိဖြစ်၍ ၁၉၆၄ ခုနှစ်၊နိုဝင်ဘာလ (၂၂)ရက်နေ့ တွင် အဖ ဦးကျော်ဌေး၊ အမိ ဒေါ်ခင်ခင်ဆွေ တို့မှဖွားမြင်သည်။ မွေးချင်း (၄)ယောက်အနက် တတိယမြောက်သမီး ဖြစ်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။၁၉၆၈ ခုနှစ်မှ၁၉၈၀ခုနှစ်အထိ မန္တလေးမြို့အ.ထ.က(၈)တွင် ဆယ်တန်းအောင်မြင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ၁၉၈၁-၁၉၈၂ ခုနှစ်တွင် မန္တလေးမြို့ဒသေကောလိပ်မှ တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဆေးတက္ကသိုလ် – မန္တလေး၌ ပညာဆည်းပူးခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် နောက်ဆုံးနှစ်အပိုင်း(ခ)ကို ခွဲစိတ်ကုပညာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။၁၉၈၈ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ဆေးတက္ကသိုလ်-မန္တလေးမှ ရခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အခေြခံဝန်ထမ်းလောင်းသင်တန်း (ဇေယျ)အမှတ်စဉ် (၁၁၂)ဖောင်ကြီး၌ သင်တန်းသူစံပြဆု ၊ စစ်ရေးပြထူးချွန်ဆု ၊ စာပထေူးချွန်ဆုများရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်မှ၁၉၉၅ ခုနှစ်အထိ Med.Sc(Internal Medicine) ဘွဲ့ကိုဆေးတက္ကသိုလ်-မန္တလေးမှရခဲ့သည်။ ၁၉၉၀ ခုနှစ်မှ၁၉၉၃ ခုနှစ်အထိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  ၁၉၉၅  ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဆေးတက္ကသိုလ်-မန္တလေး ၊ ဆေးပညာဌာနတွင် သရုပ်ပြဆရာဝန်အဖြစ်လည်းကောင်း၊၁၉၉၆ ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်   လက်ထောက်ဆရာဝန်အထူးကု (ဆေးပညာ)အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၉၇ ခုနှစ် တွင် အစိုးရပညာသင်ဆုရရှိ၍ အင်္ဂလန်နိုင်ငံသို့ MRCP Training သွားခဲ့ပြီး MRCP (UK) ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် လက်ထောက်ဆရာဝန်အထူးကု (ဆေးပညာ)အဖြစ်လည်းကောင်း၊ ၂၀၀၀-၂၀၀၃ခုနှစ်တွင် အထေွထေွရောဂါကုသမားတော်အဖြစ်လည်းကောင်း ၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃-၂၀၀၇ ခုနှစ်အထိ ဆေးတက္ကသိုလ်-မန္တလေး ဆေးပညာဌာနတွင်  ကထိိကအဖြစ်   တာဝန်ထမ်းဆောင်နစေဉ် ၂၀၀၅ ခုနှစ်တွင် Dr.Med.Sc (General Medicine) ဘွဲ့ကို  ဆေးတက္ကသိုလ်-မန္တလေး မှလည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် RCP (Edin) ဘွဲ့ကို Royal College of Physicians, Edinburgh, UK  မှလည်းကောင်း ၊၂၀၀၆ ခုနှစ်တွင်ပင် Dip.Med Edu ဘွဲ့ကို ဆေးတက္ကသိုလ်-မန္တလေးမှလည်းကောင်းရရှိခဲ့သည်။  ၂၀၀၇  ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ၂၀၁၅  ခုနှစ်အထိ  ပါမောက္ခအဖြစ်လည်းကောင်း ၊ ဆေးတက္ကသိုလ်-မန္တလေးတွင် တာဝန် ထမ်းဆောင်နေစဉ် ၂၀၁၃ ခုနှစ်မှစ၍ International Examiner, MRCP (UK) PACES Exam အဖြစ် လည်းကောင်း၊၂၀၁၅ ခုနှစ်မှစ၍ယနေ့အထိ Host Examiner, International PACES Exam Center, Mandalay General Hospital, Myanmar အဖြစ်လည်းကောင်း၊  ဆေးတက္ကသိုလ်-မန္တလေးတွင် ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ဦးမြင့်ဆန်းနှင့်လက်ထပ်ခဲ့ပြီး သား သမီး နှစ်ဦးထွန်းကားသည်။

တက်ရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲများ

2003 – Inter country meeting of trainers for Arsenic epidemiology and research  Dhaka, Bangladesh
2005 – Neurology symposium, Austria, Europe
2006 – Integrated programme in neglected tropical disease, Bangkok
2007 – ICMF, Cardio metabolic conference, Manila, Philippine
2008 – Diabetes conference, Vietnam
2011 – IDF, International diabetes federation,Dubai
2012 – Stroke Conference, Tokyo Japan
2013 – ESC, European Stroke conference, London, UK
2014 – ESC, Niece, France
2014 – IDF, Barcelona, Spain
2015 – World Rheumatology Conference,Boston,USA
2015 – Hepatology Conference, Istanbul, Turkey
2015 – IDF, Diabetes conference, Vancouver, Canada

 

 

Comments

comments