ပါမောက္ခ ဒေါ်ခင်မိမိလွင်

ပါမောက္ခ

ပါမောက္ခဒေါက်တာခင်မိမိလွင်သည် မန္တလေးမြို့ဇာတိဖြစ်၍ အဖ ဦးအောင်ထွန်း၊ အမိ ဒေါ်ခင်အိတို့မှ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၆၈ ခုနှစ်တွင် ဆေးတက္ကသိုလ်-မန္တလေးမှ M.B.B.S ဘွဲ့ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ M.Med.Sc.(OG) ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် M.R.C.O.G ဘွဲ့ကို လည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် F.R.C.O.G ဘွဲ့ကိုလည်းကောင်း Royal College of Obstetrician and Gynaceologist, U.K မှ ရရှိခဲ့ပါသည်။ Honorary Dr.Med.Sc.(OG) ဘွဲ့ကို ဆေးတက္ကသိုလ်-မန္တလေးမှရရှိခဲ့သည်။

၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သရုပ်ပြ၊ ၁၉၇၉-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ လက်ထောက်ကထိက၊ အဖြစ် ဆေးတက္ကသိုလ်-မန္တလေး၊ သားဖွားမီးယပ်ပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇-ခုနှစ်မှ ၁၉၈၉-ခုနှစ်အထိ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးအဖြစ် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အထွေထွေ ရောဂါ ကုဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉-ခုနှစ်မှ ၁၉၉၁-ခုနှစ်အထိ ကထိက အဖြစ် ဆေးတက္ကသိုလ်-မန္တလေး၊ သားဖွားမီးယပ်ပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁-ခုနှစ်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံ၌ သင်ကြားရေးပါမောက္ခ (Clinical Professor)၊ ၁၉၉၁-ခုနှစ်မှ၁၉၉၈-ခုနှစ်အထိဆေးတက္ကသိုလ်-မန္တလေး၊သားဖွားမီးယပ်ပညာဌာနတွင် သင်ကြားရေးပါမောက္ခ (Clinical Professor)၊ ၁၉၉၈-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိဆေးတက္ကသိုလ်-မန္တလေး သားဖွားမီးယပ်ပညာဌာနတွင် ပါမောက္ခ/ဌာနမှူး အဖြစ်တာဝန်များထမ်းဆောင်ခဲ့သည်။

တက်ရောက်ခဲ့သော ညီလာခံများနှင့်သင်တန်းများ

  • ၁၉၈၁ ခုနှစ် Reproductive health, U.S.A
  • ၁၉၉၁ ခုနှစ် XIII World Congress of Obstetrics and Gynaecology
  • ၁၉၉၄ ခုနှစ် Long term research on Departmental Development, Singapore and Thailand

မြန်မာနိုင်ငံဆရာဝန်များအသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဆေးပညာ အကယ်ဒမီအဖွဲ့တွင် အသင်းဝင် အဖြစ်ပါဝင်သည်။

Comments

comments