ပါမောက္ခ ဒေါ်ကြူကြူဆွေ

ပါမောက္ခ

ပါမောက္ခဒေါက်တာကြူကြူဆွေသသည် ရန်ကုန်မြို့ဇာတိဖြစ်၍ အဖဦးဘငြိမ်းနှင့်အမိဒေါ်တင်အေးတို့ မှ ၁၉၂၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဖွားမြင်သည်။ ဆရာမကြီးသည် ရန်ကုန်မြို့ Diocesan မိန်းကလေး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆေးတက္ကသိုလ်-ရန်ကုန်မှ M.B.B.S ဘွဲ့ ရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် M.R.C.O.G ဘွဲ့နှင့် ၁၉၇၂ ခုနှစ်တွင် F.R.C.O.G ဘွဲ့ကို အင်္ဂလန်နိုင်ငံ Royal College of Obstetricians and Gynaecologists တွင် ရရှိခဲ့သည်။

၁၉၅၄ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ရန်ကုန်မြို့ ဒပ်ဖရင်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် တာဝန်ထမ်း ဆောင်နေစဉ် ဆေးတက္ကသိုလ်-ရန်ကုန် သားဖွားမီးယပ်ပညာဌာနတွင် အချိန်ပိုင်း သရုပ်ပြ၊ ၁၉၆၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ပညာဌာနတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆေးတက္ကသိုလ်-မန္တလေး သားဖွားမီးယပ်ဌာနတွင် အချိန်ပိုင်းကထိက၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ဌာနတွင် အကြံပေးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၆၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဆေးတက္ကသိုလ်-မန္တလေး သားဖွားမီးယပ်ပညာဌာနတွင် Senior ကထိက၊ ၁၉၆၈ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဆေးတက္ကသိုလ်-မန္တလေးတွင် Clinical Professor (သင်ကြားရေး ပါမောက္ခ)၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဆေးတက္ကသိုလ်-မန္တလေး သားဖွားမီးယပ်ပညာ ဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၇ ခုနှစ် Australia နိုင်ငံ၊ Sydney တွင်ကျင်းပသော(၅)ကြိမ်မြောက် FIGO နှင့် Sydney, Melboume, Adelaide မြို့များတွင် ရှိသော သင်ကြားရေးဆေးရုံများသို့ လေ့လာရေးခရီး၊ ၁၉၇၀ ခုနှစ်တွင် U.K နိုင်ငံရှိ London, Birmingham, Edinburgh နှင့် Glasgow မြို့များရှိ ဆေးရုံများသို့ လေ့လာရေးခရီး၊ ၁၉၈၀ ခုနှစ်တွင် U.K နိုင်ငံရှိ သင်ကြားရေး Center များသို့ လေ့လာရေးခရီး၊ ၁၉၈၆ ခုနှစ်တွင် London, RCOG တွင် ကျင်းပသော Part-2 MRCOG စာမေးပွဲတွင် နိုင်ငံခြားသားစာစစ်အဖွဲ့ဝင်၊ ၁၉၈၉ ခုနှစ်တွင် RCOG, London၌ ကျင်းပသော Overseas Chairmen အစည်းအဝေး၊ ၁၉၉၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော (၁၃)ကြိမ်မြောက် Asia Oceania Federation of O&G Congress and General Assembly သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၊ စင်္ကာပူနိုင်ငံတွင် ကျင်းပသော FIGO World Congress and General Assembly သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၊ ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်တွင် Research in Human Reproduction at WHO Collaboration centre for Human Reproduction နှစ်ပတ်လည်ညီလာခံ၊ ၁၉၉၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော AOFOG Congress and General Assembly၊ ၁၉၉၈ ခုနှစ်တွင် Australia နိုင်ငံ Brisbane မြို့တွင် ကျင်းပသော ဒေသဆိုင်ရာ ကမ႓ာ့အမျိုးသမီးရေးရာ ခေါင်းဆောင်မှုပိုင်းနှင့့် ကင်းထောက် Conference သို့တက်ရောက်ခဲ့သည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ မန္တလေးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းတွင် ကော်မတီဝင်၊ ၁၉၆၅ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ Burma Medical Council တွင်အဖွဲ့ဝင်၊ ၁၉၇၂ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ မန္တလေးမြို့မြန်မာနိုင်ငံဆရာဝန်များအသင်းတွင် Executive Committee အဖွဲ့ဝင်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ် အထိ မန္တလေးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းတွင် အမျိုးသမီးရေးရာဥက္ကဌ၊ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်တွင် မန္တလေးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းတွင် ဥက္ကဌနှင့် မြန်မာနိုင်ငံဆရာဝန်များအသင်းဗဟိုတွင် ဥက္ကဌ၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ RCOG of the U K ၏ မြန်မာကိုယ်စားလှယ်၊ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ မြန်မာနိုင်ငံဆရာဝန်များအသင်းဗဟိုတွင် EC ကော်မတီ အဖွဲ့ဝင်၊ ၁၉၈၇ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ MMA O.G Section တွင် ဥက္ကဌ၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်တွင် Royal College of obstetricians & Gynaecologists, U.K ၌ သဘာပတိ ၁၉၉၁ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွင် ဒု-ဥက္ကဌ၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ မြန်မာနိုင်ငံဆရာဝန်များအသင်းဗဟိုတွင် ဥက္ကဌ၊ ၁၉၉၅ ခုနှစ်မှစ၍ အမျိုးသမီး ရေးရာအဖွဲ့ဝင်၊ ၁၉၉၇ ခုနှစ်မှစ၍ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့ဝင် အဖြစ်လူမှုရေး အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ၁၉၉၀ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ၁၉၉၈ ခုနှစ်တွင် လူမှုထူးချွန်ဆုပထမ အဆင့်ကိုရရှိခဲ့ပါသည်။

ခင်ပွန်းမှာ ဒေါက်တာဖေသိန်းဖြစ်၍ သားသမီးနှစ်ဦးထွန်းကားခဲ့သည်။

Comments

comments