ပါမောက္ခ ဒေါ်စန်းရီ

ပါမောက္ခ

ပါမောက္ခ ဒေါက်တာစန်းရီသည် အဖ ဦးမောင်ကြီးနှင့် အမိ ဒေါ်ဘီဘီတို့မှ ၁၉၃၆-ခုနှစ် ဇွန်လတွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့့သည်။ ဆရာမကြီးသည် ဝစ္စလီ အထက်တန်းကျောင်း၊ စိန့်မေရီကျောင်းနှင့် အမှတ်(၁) အထက်တန်းကျောင်းတို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၉၅၄-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ဥပစာပထမနှစ်နှင့်ဒုတိယနှစ်ကို ရန်ကုန်တက္ကသိုလ်လက်အောက်ခံ မန္တလေးကောလိပ်တွင် တက်ရောက်ခဲ့သည်။ ၁၉၅၈-ခုနှစ် ရန်ကုန်တက္ကသိုလ်၌ အဖွဲ့ဝင်အဖြစ် ဆေးပညာဘာသာရပ်ကို လေ့လာ သင်ကြားခဲ့သည်။ဆရာမကြီးသည်ဆေးတက္ကသိုလ်-မန္တလေး၌တတိယအသုတ်ကျောင်းသူအဖြစ်ပညာ ဆည်းပူး ခဲ့သည်။ ၁၉၆၂-ခုနှစ် မတ်လတွင်M.B.B.Sဘွဲ့ကိုရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ အလုပ်သင် ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာမကြီးသည်၁၉၆၃ခုနှစ်တွင်မန္တလေးဆေးတက္ကသိုလ်ဇီဝကမ္မဌာနတွင်သရုပ်ပြအဖြစ်လည်းကောင်း ၁၉၆၇-ခုနှစ်တွင် လက်ထောက်ကထိကအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉-ခုနှစ်တွင် W.H.O ပညာသင်ဆုဖြင့် Ph.D သင်တန်းကို Ireland နိုင်ငံ University of Dublin ၊ Trinity college တွင် တက်ရောက်ခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် Ph.D ဘွဲ့ရရှိခဲ့သည်။

၁၉၈၂-ခုနှစ်မှ ၁၉၈၅-ခုနှစ်အထိ ရန်ကုန်မြို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌ ကထိကတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်ဇီဝကမ္မဗေဒဌာန၌ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။၁၉၈၈-ခုနှစ်မှ ၁၉၉၆-ခုနှစ်အထိ ဇီဝကမ္မဗေဒဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၀-ခုနှစ်တွင် W.H.O အဖွဲ့ဝင်အဖြစ် New Southways တက္ကသိုလ်သို့သွားရောက်ပြီး Haemoglobin typing for ethnic groups in Myanmar နှင့်ပတ်သက်သော သုတေသနကို သွားရောက် လေ့လာဆည်းပူးခဲ့သည်။ ဆရာမကြီးသည် ရှန်ဟိုင်းနှင့် အခြားမြို့များသို့ ဇီဝကမ္မဗေဒနှင့် ပတ်သက်သော သိပ္ပံ ဆိုင်ရာ ဆွေးနွေးပွဲအမျိုးမျိုးကို တက်ရောက်ခဲ့သည်။ ဆရာမကြီးသည် ဆေးတက္ကသိုလ်-မန္တလေးတွင်ရှိသော Medical Education Unit ကို ဆေးပညာအဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၆ခုနှစ်တွင် အသက်(၆၀)ပြည့် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက် မန္တလေးဆေးတက္က သိုလ်တွင် ဆရာဝန်များဆိုင်ရာ သုတေသနနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာကော်မတီတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သည်မှာ နှစ်ပေါင်း ၂၀ နည်းပါး ရှိပြီဖြစ်ပါသည်။

Comments

comments