ပါမောက္ခ ဒေါ်သန်းရင်မာ

ပါမောက္ခ

ပါမောက္ခ ဒေါက်တာသန်းရင်မာ လူထုဦးလှ၊လူထုဒေါ်အမာတို့မှ ၁၉၄၃ သြဂုတ်လ ၂၀ ရက်တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မူလတန်းမှ ဆယ်တန်းအောင်သည် အထိ စိန့်ဂျိုးဇက်ကွန်းဗင့် မန္တလေးတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အမ်ဘီဘီအက်(စ်) ဘွဲ့ကို ဆေးတက္ကသိုလ်မှ ရရှိခဲ့ပြီး မဟာသိပ္ပံ(ဆေးပညာ) ဘာသာရပ်ကို ဆေး(၁)ရန်ကုန်တွင် တက်ရောက်သင်ကြားခဲ့ပါသည်။

၁၉၆၉ ခုနှစ်မှစပြီး မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာနတွင် သရုပ်ပြဆရာအဖြစ် ၎င်း စတင်လုပ်ဆောင်ခဲ့ပြီး အထူးကုသမားတော်အနေနှင့် ချင်းပြည်နယ် ဖလမ်းဆေးရုံ၊ ပခုက္ကူခရိုင် ဆေးရုံကြီးတွင် ၎င်း၊ ကထိကသမားတော်ဖြင့် ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၁-၂၀၀၃ ဧပြီလထိ မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာနတွင် ပါမောက္ခဌာနမှူးတာဝန်များ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပါသည်။ ခင်ပွန်း ဦးခင်ဂျက်ဝင်းနှင့် သမီး စုစုမာနှင့် သားဘိုဘို တို့ထွန်းကားခဲ့ပါသည်။

Comments

comments