ပါမောက္ခ ဦးအောင်ကြီး

ပါမောက္ခ

ပါမောက္ခဒေါက်တာအောင်ကြီးသည် ကသာဇာတိဖြစ်၍ ၁၉၅၃ ခုနှစ်တွင် အဖ ဦးဘေရှင်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ဖွားမြင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ကသာအထက(၁)မှ (၁၀)တန်းအောင်မြင်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ဆေးတက္ကသိုလ်မန္တလေးမှ ဆေးပညာဘွဲ့ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဆေးတက္ကသိုလ်မန္တလေးမှ ဆေးပညာမဟာဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၃-၁၉၉၅ ခုနှစ်တွင် UK မှာပညာသင်ကြား၍ ၁၉၉၄ ခုနှစ်တွင် MRCP UK ဘွဲ့နှင့် ၁၉၉၅ ခုနှစ်တွင် DTMH (London) ဘွဲ့များကိုရရှိခဲ့ပါသည်။

၁၉၉၇ ခုနှစ်တွင် ဖလမ်းပြည်သူ့ဆေးရုံ၊ ဖျားနာအထူးကုတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈-၂၀၀၁ ခုနှစ်တွင် ကုတင်(၃၀၀) သင်ကြားရေးဆေးရုံ၊ မန္တလေးတွင် သမားတော်/ကထိက အဖြစ်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ၂၀၀၁-၂၀၀၃ ခုနှစ်တွင် ဆေးတက္ကသိုလ်၊ မန္တလေး ဆေးပညာဌာနတွင် ကထိက/သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၃ မှ ၂၀၁၃ ခုနှစ်အထိ ဆေးတက္ကသိုလ် မန္တလေးဆေးပညာဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၄ ခုနှစ်တွင် “အစိမ်းရောင်လူ အပြာရောင်လူ အဖြူရောင်လူ”စာအုပ်ကိုထုတ်ဝေခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် “သင်္ကြန်လူ ခြင်ထောင်လူ လေယာဉ်လူ”စာအုပ်၊ ၂၀၀၈ ခုနှစ်တွင် “သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ” စာအုပ်(အဋ္ဌမအကြိမ် ဆရာဝန်တင်ရွှေစာပေဆုရရှိ)၊ ၂၀၁၂ ခုနှစ်တွင် “အဆွေးလူ အတွေးလူ သိမ်မွေ့လူ” စာအုပ်၊ ၂၀၁၄ ခုနှစ်တွင် ခေတ်ထဲကလူ လူထဲကခေတ် စာအုပ်၊ ၂၀၁၅ ခုနှစ်တွင် “သင်္ကြန်လူ ခြင်ထောင်လူ လေယာဉ်လူ” စာအုပ်(ဒုတိယအကြိမ် ဖြည့်စွက်ချက်များနှင့်)၊ ၂၀၁၅ ခုနှစ်တွင် “ယောကျ်ားတွေ ယောက်ျား တွေနှင့် အခြားခြေရာများ” စာအုပ်များကို ထုတ်ဝေခဲ့ပါသည်။

အငြိမ်းစားဘဝတွင် မြေးထိန်းလိုက်၊ ခရီးထွက်လိုက်၊ စာဖတ်လိုက်၊ စာရေးလိုက်၊ အိမ်အတွက် ဒရိုင်ဘာလုပ်လိုက်၊ တစ်ကိုယ်တည်းနေလိုက်နှင့် ရှိသမျှ အချိန်များကုန်ဆုံးနေပါသည်။

Comments

comments