ပါမောက္ခ ဦးအောင်ကြည်

ပါမောက္ခ

ပါမောက္ခဒေါက်တာဦးအောင်ကြည်သည် မိတ္ထီလာမြို့နယ် မြောင်းပေါက်ရွာဇာတိဖြစ်၍ ၁၉၄၁-ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် အဖဦးထွန်းအောင် အမိဒေါ်သာယာတို့မှ ဖွားမြင်သည်။ မွေးချင်း(၆)ယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ မိတ္ထီလာမြို့နယ် ကွက်ငယ်မူလတန်း ကျောင်း စတုတ္ထတန်းတွင် အစိုးရပညာသင်ဆုဆွတ်ခူးနိုင်ခဲ့သည်။ သတ္တမတန်းတွင် ကွက်ငယ်အလယ် တန်းကျောင်းမှတစ်ဖန် အစိုးရပညာသင်ဆုကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့သည်။ ၁၉၅၆-ခုနှစ်တွင် Premedical အခြေခံဆေးသင်တန်းကို အမှတ်(၁)၊ အထက၊မန္တလေးမြို့တွင် တက်ရောက်ရန် အစိုးရက ရွေးချယ်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းကိုမူ ၁၉၅၈-ခုနှစ်တွင် အောင်မြင်၍ မန္တလေးတက္ကသိုလ် အထူးဥပစာ တန်းကို တက်ရောက်ရန်ရွေးချယ်ခြင်းခံရပြီး အစိုးရတက္ကသိုလ်ပညာသင်ဆု (Collegial Scholarship) ကိုလည်း ရရှိခဲ့သူဖြစ်သည်။ ၁၉၅၉-ခုနှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ရပြီး ၁၉၆၄-ခုနှစ်တွင် ဆေးပညာဘွဲ့ (M.B,B.S)ရရှိခဲ့သည်။ ၁၉၈၆-ခုနှစ်တွင် ခန္ဓာဗေဒမဟာသိပ္ပံဘွဲ့လွန်ပြီးမြောက်ပြီး MSc(Anatomy)ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် ဂုဏ်ထူးဆောင်ပါရဂူ Ph.D (Anatomy) ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသည်။

ခန္ဓာဗေဒဌာန (ဆေးတက္ကသိုလ်-မန္တလေး) ၌ ၁၉၆၅-ခုနှစ် Demonstrator သရုပ်ပြဆရာမှစ၍ ၂၀၀၃-ခုနှစ်၊ ပါမောက္ခ/ဌာနမှူးအဖြစ် အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅-ခုနှစ်မှ ၂၀၀၈-ခုနှစ်အထိ (University Kabansaan Malaysia) (UKM) တွင်လည်းကောင်း၊ ၂၀၀၈-ခုနှစ်မှ ၂၀၁၁-ခုနှစ်အထိ (UiTM) (University Technology mara)တွင်လည်းကောင်း၊ ၂၀၁၁-ခုနှစ်မှ ၂၀၁၃-ခုနှစ်အထိ (Royal College of Medicine, Perak)(RCMP)တွင်လည်းကောင်း ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။

၁၉၇၅-ခုနှစ်တွင် ဒေါက်တာခင်မေသစ်နှင့် လက်ထပ်ခဲ့ပြီး သမီး(၃)ဦးထွန်းကားခဲ့သည်။

Comments

comments