ပါမောက္ခ ဦးဗိုနီ

ပါမောက္ခ

အငြိမ်းစား ပါမောက္ခ ဒေါက်တာဦးဗိုနီ ကို သာယာဝတီခရိုင် သုံးဆယ်မြို့ တွင် ၁၉၂၈ ဧပြီလတွင် ဖွားမြင်ခဲ့သည်။မိဘများမှာ ဦးအုန်းငန်းနှင့် ဒေါ်ကျင်ငွေဖြစ်ပြီး မွေးချင်း ၆ယောက်အနက် ပဥ္စမမြောက်ဖြစ်ပြီး မြန်မာ-ဗုဒ္ဓဘာသာ ဖြစ်သည်။

ငယ်စဉ်ကသုံးဆယ်မြို့ အာစီအမ် အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းတွင်စာပေသင်ကြားခဲ့ပြီး ၁၉၄၂ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် နဝမတန်းတွင်ပညာသင်ကြားခဲ့သည်။ စစ်အတွင်း ဂျပန်ခေတ် မြို့မအထက်တန်းကျောင်းမှ ဒဿမတန်း အောင်ခဲ့ပါသည်။ စစ်အပြီး၁၉၄၄ တက္ကသိုလ် ဝင်ခွင့်အတွက် အင်္ဂလိပ်စာကိုဖြေဆိုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ဥပစာတန်း(သိပ္ပံ)တွဲနှင့် ဝင်ရောက်ခဲ့ပြီး ဆေးသိပ္ပံ (ရန်ကုန်)သို့ဝင်ခွင့်ရခဲ့သည်။ ၁၉၅၃ တွင် အမ်ဘီဘီအက်စ်ဘွဲ့ကို ရရှိခဲ့သည်။

၁၉၅၃- လက်ထောက်ဆရာဝန်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊၁၉၅၃-၅၅  ကျောင်းကျန်းမာရေးဌာန၊၁၉၅၅-၅၇ မြင်းခြံဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊၁၉၅၈ –  တွင်ပညာတော်သင်အဖြစ် အရွေးခံခဲ့ရ၍ ၊၁၉၅၈-၅၉ တွင် ရန်ကုန်ဆေးရုံကြီးခွဲစိတ်ပါမောက္ခ ဒေါက်တာဦးဘသန်း လက်အောက်တွင်လုပ်ခဲ့ ရသည်။၁၉၅၉ ခုနှစ် အင်္ဂလန်သို့ ကချင်ပြည်နယ် ပညာတော်သင်အဖြစ် သွားရောက်ခဲ့ပြီး ၊၁၉၆၂ ခုနှစ်  FRCS (Edin) ဘွဲ့ရရှိပြီး မြန်မာပြည်ပြန်လာခဲ့သည်။ ၁၉၆၂ ခုနှစ် လက်ထောက်ဆရာဝန်အဖြစ် မြစ်ကြီးနားဆေးရုံ၊၁၉၆၄    ခရိုင်ဆရာဝန်ကြီး ဗန်းမော်ဆေးရုံ ၊၁၉၆၅-၆၇ ခရိုင်ဆရာဝန်ကြီး/မြို့နယ် ဆရာဝန်ကြီး-မြစ်ကြီးနားဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးကို သင်ကြားရေး ဆေးရုံအဖြစ်မြှင့်တင်ရန်အတွက် ခွဲစိတ်ရုံ( ၃)  စတင်ဖွင့်လှစ်ရာ ခွဲစိတ်ဆရာဝန်ကြီး/ ကထိက ခွဲစိတ်ကုပညာဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ခွဲစိတ်ဆရာဝန်ကြီး၊ လက်တွေ့ပါမောက္ခ /ပါမောက္ခဌာနမှူးများအဖြစ် “၂၁” နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ စက်တင်ဘာလတွင် သက်ပြည့်အငြိမ်းစား ယူခဲ့သည်။

ဆရာဝန်အသင်း မန္တလေးတွင် အလုပ်အမှုဆောင်၊ ဒုဥက္ကဋ္ဌ များအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ တွင်အနားယူခဲ့သည်။ ယခုအခါ နာယကတစ်ယောက်အဖြစ် တာဝန်ယူထားသည်။ အငြိမ်းစားယူပြိးသော ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများကို စုစည်း၍ ဗုဒ္ဓဟူးနေ့တိုင်း လူနာများအားခွဲစိတ်ခြင်း၊ လုပ်အားဒါနတို့ကို ယနေ့ထက်တိုင် ပေးလျှက်ရှိပါသည်။

ဇနီးမှာဒေါ်ခင်အေးသွယ် (B .com )  ဖြစ်ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့ပြီး နှစ်ယောက်လုံး အထူးကုဆရာဝန်ကြီးများဖြစ်ကြပါသည်။

Comments

comments