ပါမောက္ခ ဦးခင်မောင်လွင်

ဥက္ကဋ္ဌ

ပါမောက္ခ ဒေါက်တာခင်မောင်လွင်သည် ရန်ကုန်မြို့ ဇာတိဖြစ်၍ ၁၉၆၃-ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် အဖ ဦးလှစိန်၊ အမိ ဒေါ်တင်လှတို့မှ ဖွားမြင်သည်။ မွေးချင်း(၇)ယောက်အနက် စတုတ္ထမြောက်သားဖြစ်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာ၀င်ဖြစ်သည်။ ၁၉၆၈-ခုနှစ်မှ ၁၉၇၉-ခုနှစ်အထိ ရန်ကုန်မြို့၊ အထက(၁) လမ်းမတော်တွင် ဆယ်တန်းအောင်မြင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ၁၉၈၁-ခုနှစ် တွင် ဒေသကောလိပ် ဒုတိယနှစ်ကို ရန်ကုန်မြို့ ဒေသကောလိပ်(၃) ကြည့်မြင်တိုင်မှအောင်မြင်ခဲ့သည်။ ၁၉၈၂-ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၈၇-ခုနှစ်တွင်ဆရာ၀န်ဘွဲ့ ရရှိခဲ့သည်။  ၁၉၈၉-ခုနှစ်မှ ၁၉၉၂-ခုနှစ်အထိ ဆေးမှူးတာ၀န်ဖြင့် ပြည်သူ့စစ်မှုထမ်းခဲ့သည်။ ၁၉၉၅-ခုနှစ်မှ ၁၉၉၈-ခုနှစ်အထိ M.Med.Sc (Surgery) ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၀-ခုနှစ်တွင် FRCS ဘွဲ့ကိုလည်းကောင်း ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ရရှိခဲ့သည်။ ၁၉၉၂-ခုနှစ်မှ ၁၉၉၄-ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာ၀န်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာ၀န်အဖြစ် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာ၀န်ထမ်းဆောင် နေစဉ် ၂၀၀၅-ခုနှစ်တွင် Dr.Med.Sc (Neurosurgery) ဘွဲ့ကို ဆေးတက္ကသိုလ်-မန္တလေးမှ ရရှိခဲ့သည်။ ၂၀၀၆-ခုနှစ်မှ ၂၀၀၈-ခုနှစ်အထိ ဦးနောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာ၀န်ကြီးအဖြစ်လည်းကောင်း၊ ၂၀၀၈-ခုနှစ်မှ ၂၀၁၀-ခုနှစ်အထိ တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာ၀န်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ ပါမောက္ခအဖြစ် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာ၀န်ထမ်းဆောင်နေစဉ် ၂၀၁၃-ခုနှစ်တွင် Dip.Med.Edu ဘွဲ့ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၅-ခုနှစ် ဖေဖော်၀ါရီလမှ ယနေ့အထိ ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်အဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိပြီး မန္တလေးမြို့ မြန်မာနိုင်ငံဆရာ၀န်များအသင်းတွင်လည်း ဒုတိယ ဥက္ကဌ(၃) အဖြစ် ပူးတွဲတာ၀န်ထမ်းဆောင်လျက်ရှိသည်။ ၁၉၉၂-ခုနှစ်တွင် ဒေါက်တာမော်မော်လွင်နှင့် လက်ထပ်ခဲ့ပြီး သမီးသုံးဦးထွန်းကားသည်။

Comments

comments