ပါမောက္ခ ဦးကျော်လှ

ပါမောက္ခချုပ် - ငြိမ်း

ပါမောက္ခဒေါက်တာကျော်လှသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၆၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပွဲကုန်း အ.ထ.က မှအောင်မြင်ခဲ့သည်။ ၁၉၆၂-၁၉၆၃ ခုနှစ်တွင် ဆေးတက္ကသိုလ်မန္တလေး၌ ပထမအသုတ်အဖြစ် တိုက်ရိုက်ပညာဆည်းပူးခွင့်ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ် ဧပြီလတွင် ဆေးပညာဘွဲ့(M.B.B.S) ကိုရရှိခဲ့သည်။ ၁၉၇၁ ခုနှစ် အောက်တိုဘာလတွင် ဆေးတက္ကသိုလ်-မန္တလေး ဆေးပညာဌာန၌ သရုပ်ပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆေးပညာဘွဲ့လွန်သင်တန်းကို ဆေးတက္ကသိုလ်-မန္တလေးတွင် တက်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် M.Med.Sc ( Internal Medicine) ဘွဲ့ကိုရရှိခဲ့သည်။

ဆရာကြီးသည်ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိကျန်းမာရေးဌာနတွင်လက်ထောက်ဆရာဝန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဇွန်လမှ ၁၉၈၁ ခုနှစ်အထိ ချင်းပြည်နယ် ဖလန်း အထူးကု ဆေးရုံတွင် သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်ဖေဖော်ဝါရီလအထိ မန္တလေ း အထွေထွေပြည်သူ့ဆေးရုံကြီး ယူနစ်(II)တွင် လက်ထောက်သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် ဆေးရုံတွင် အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာရပ်ကို လေ့လာခဲ့သည်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိပြီး ရန်ကုန်အထွေထွေ ပြည်သူ့ဆေးရုံသစ်ကြီးတွင် လက်ထောက်သမားတော်အဖြစ်လည်းကောင်း ၁၉၈၉ ခုနှစ်တွင် အတိုင်ပင်ခံ သမားတော်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်း အထွေထွေပြည်သူ့ဆေးရုံကြီး၌ ကထိက၊ အတိုင်ပင်ခံ သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈  ခုနှစ်တွင် မန္တလေး အထွေထွေပြည်သူ့ဆေးရုံကြီး၌ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနကို တည်ထောင်သူအဖြစ် ထင်ရှားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဆေးသိပ္ပံပညာဦးစီးဌာန ဆေးတက္ကသိုလ်-မန္တလေး၌ ဒုတိယပါမောက္ခချုပ်အဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် အငြိမ်းစားယူခဲ့သည်။
ဆရာကြီးသည် ၁၉၇၁-ခုနှစ်မှ၂၀၀၈-ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် တွင်တာဝန်ဖြင့် ပြည်ပခရီးစဉ်များသို့ သွားရောက်ခဲ့သည်။  ၁၉၈၅ ခုနှစ်တွင် အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာရပ်ကို ကျိုတို တက္ကသိုလ်ဆေးရုံတွင်လည်းကောင်း၊ ၁၉၉၇-ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ စင်္ကာပူနိုင်ငံတွင် သုံးကြိမ်၊ ဘန်ကောက်တွင် တစ်ကြိမ်၊ ဟောင်ကောင်တွင် တစ်ကြိမ်၊ အိန္ဒိယတွင်တစ်ကြိမ် လေ့လာခဲ့သည်။ ၂၀၀၆-ခုနှစ်အောက်တိုဘာလတွင် Buton ၌ကျင်းပခဲ့သော ဆေးကောင်စီ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။ ၂၀၁၄-ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖွဲ့မှကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။ ကျန်းမာရေးဌာနမှ အငြိမ်းစားယူပြီးနောက် ၂၀၁၀-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၂၀၁၅-ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးမှအနားယူပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ဆေးတက္ကသိုလ်-မန္တလေး၌ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဇနီးမှာ ဒေါ်စိုးစိုးမာဖြစ်ပြီး သမီး(၃)ဦး ထွန်းကားခဲ့သည်။ ဆရာကြီးသည် ဇနီး၊ သမီးနှစ်ဦး သားမက်တစ်ဦး မြေးနှစ်ဦးတို့နှင့်အတူ အမှတ်၅/၁၈ မြနန္ဒာလမ်း အောင်တော်မူရပ်ကွက် မန္တလေးမြို့တွင် ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။ သမီးအလတ် မိသားစုမှ ရန်ကုန်မြို့တွင် နေထိုင်သည်။
ဆက်သွယ်ရန်

Telephone : ၉၅၂-၆၈၆၅၃၊ ၉၅၉-၄၃၀၁၄၆၃၅
Viber : ၉၅၉-၉၆၈၂၆၆၀၄၄
Email : Kyawhla1974@gmail.com

Comments

comments