ပါမောက္ခ ဦးတင်မောင်ဟန်

ပါမောက္ခချုပ် - ငြိမ်း

ပါမောက္ခ ဒေါက်တာတင်မောင်ဟန်သည် ၁၉၅၅- ခုနှစ် ဇွန်လ (၂၅)ရက်နေ့တွင် အဖဦးဘိုးဟန်၊အမိ ဒေါ်ခင်သန်းတို့မှ ရေနံချောင်းမြို့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်အနက် ပဥ္စမသားဖြစ်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ၁၉၇၃ – ခုနှစ်တွင် ဒဂုံ အ.ထ.က (၁) ၊ရန်ကုန်မှ ဒဿမတန်းအောင်မြင်သည်။ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ၁၉၇၃-ခုနှစ်မှ စတင်၍ ပညာသင်ကြားလေ့လာခဲ့ပြီး MBBS ဘွဲ့ကို ၁၉၈၁-ခုနှစ် မတ်လတွင် ရရှိခဲ့သည်။အလုပ်သင်ဆရာဝန်အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ သားဖွားမီးယပ်ဆေးရုံနှင့် ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅-ခုနှစ် ဇွန်လတွင် ပြည်သူ့စစ်မှုထမ်း ဆေးမှူးအဖြစ် အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်းတွင် (၃) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅-ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်နွယ်နီခင်နှင့် လက်ထက်ခဲ့ပြီး သမီးနှစ်ဦးထွန်းကားခဲ့သည်။

၁၉၈၈-ခုနှစ်၊ နိုဝင်ဘာလမှစ၍ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၁၉၉၀-ခုနှစ်တွင် မဟာသိပ္ပံ(ဆေးပညာ)ဘွဲ့လွန်သင်တန်းကို ဆေးတက္ကသိုုလ််၊ မန္တလေး တွင်း တက်ရောက်ခွင့် ရရှိခဲ့သည်။ ၁၉၉၂ – ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီး ၁၉၉၄ – ခုနှစ်မှ ၁၉၉၆-ခုနှစ်ထိ ယူကေနိုင်ငံတွင် ဆေးပညာသင်ကြားခဲ့သည်။ MRCP (UK)ဘွဲ့ကို ၁၉၉၅ -ခုနှစ်၊ ဇွန်လတွင် ရရှိခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံတွင်အထူးကု ဆရာဝန်(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီး(ဆေးပညာ)အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၀၃-ခုနှစ်တွင် FRCP(Edin)ဘွဲ့ရရှိခဲ့သည်။ ၂၀၀၄-ခုနှစ် အောက်တိုဘာတွင် ဆေးတက္ကသိုလ်၊မန္တလေးသို့ ပြောင်းရွှေ့ကာ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ(ဆေးပညာ)အဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၃-ခုနှစ် ဇန်နဝါရီလတွင် ဒုတိယပါမောက္ခချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး၊ ၂၀၁၃-ခုနှစ် ဧပြီလတွင် ဆေးတက္ကသိုလ်၊မန္တလေး၏ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၂၀၁၅-ခုနှစ် ဇွန်လတွင် သက်ပြည့် အငြိမ်းစားယူခဲ့ပြီး ယခုအခါ ဆေးတက္ကသိုလ် မန္တလေး၏ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

Comments

comments