ပါမောက္ခ ဦးတင်မြင့်

ပါမောက္ခ

ပါမောက္ခဒေါက်တာ တင်မြင့်သည် ရန်ကုန်ဇာတိဖြစ်၍ ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက် နေ့တွင်အဖ ဦးအုန်းသိန်း၊ အမိ ဒေါ်ခင်ထား တို့မှ ဖွားမြင်သည်။ မွေးချင်းမောင်နှမ (၅)ယောက်ရှိသည်။ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)မှ M.B.B.S ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် DCH ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် M.Sc (Paediatrics) ဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် MRCP(UK) RCP (UK) ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် Dip MEd(UMM) ဘွဲ့များကိုရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် အခြေခံပြည်သူ့ရေးရာဆရာဝန်ထမ်းကောင်းသင်တန်း အမှတ်စဉ်(၆၄)နှင့် ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်ကောလိပ်ဆရာ/ဆရာမများ အထူးမွမ်းမံ(၁) တို့ကိုတက်ရောက်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အရိုးအထူးကုဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ် တွင် ပူတာအိုမြို့နယ်၊ တိုက်နယ်ဆရာဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကျန်းမာရေးဦးစီးဌာနတွင် လက်ထောက်ဆရာဝန်အခြေခံသင်တန်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ရန်ကုန်ကလေးဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် ထမ်းဆောင်ခဲ့ ပါသည်။ ၁၉၁၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်ဆေးတက္ကသိုလ်(၁)တွင် လက်ထောက်ကထိကအဖြစ် (၇)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ မုံရွာဆေးရုံကြီးတွင်ကလေးအထူးကု ဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂ဝဝဝခုနှစ်အထိမန္တလေးကလေးဆေးရုံကြီးတွင်ကလေးအထူးကု ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဆေးတက္ကသိုလ် မန္တလေးတွင် ကထိကအဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိတွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ပါမောက္ခဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ခေတ္တပါချုပ်အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆေးတက္ကသိုလ်မန္တလေးတွင် ဒုတိယပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။  ၂၀၁၃ ခုနှစ်တွင်ပါမောက္ခဌာနမှူး(ကလေးဆေးရုံကြီး)တွင်တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ဒေါက်တာ တင်ထားနွဲ့နှင့် လက်ထပ်ပြီး သားသမီး (၃)ယောက်ထွန်းကားခဲ့သည်။

Comments

comments