ပါမောက္ခ ဦးတင်အုန်း

ပါမောက္ခ

ပါမောက္ခ ဒေါက်တာတင်အုန်းသည် မန္တလေးတိုင်း၊တံတားဦးဇာတိဖြစ်၍ ၁၉၄၄ ခုနှစ်၊ဇန်နဝါရီ(၁)ရက်နေ့တွင် အဖ ဦးသန်းမောင်၊အမိ ဒေါ်မြသင်းတို့မှ ဖွားမြင်သည်။ မွေးချင်း(၁၀)ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည်။ အ.ထ.က (၁) မန္တလေးတွင် ပညာသင်ယူခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် (၁၀)တန်းအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဥပစာတန်းကို မန္တလေးတက္ကသိုလ်မှ အောင်မြင်ခဲ့သည်။၁၉၆၃ ခုနှစ်တွင် ဆေးတက္ကသိုလ် မန္တလေး၌ ပညာဆည်းပူးခဲ့ပြီး၁၉၆၇ ခုနှစ်တွင် ဆေးပညာဘွဲ့ရရှိခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၉  ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနတွင် သရုပ်ပြဆရာအဖြစ် လည်းကောင်း၊ လက်ထောက်ကထိကအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ခွဲစိတ်ကုပညာမဟာဘွဲ့ကို ဆေးတက္ကသိုလ် မန္တလေးမှရရှိ ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆေးတက္ကသိုလ်(၂) ရန်ကုန်၌ လက်ထောက်ကထိက အဖြစ်တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ချင်းပြည်နယ် ဖလမ်းမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးအဖြစ် (၆)လ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ ကထိက ခွဲစိတ်ကုဆရာဝန်ကြီးအဖြစ်ဖြင့် ခွဲစိတ်ရုံ(၂)၊ ခွဲစိတ်ကုပညာဌာန၊ မန္တလေး ဆေးတက္ကသိုလ်တွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်နိုင်ငံ(Queen Mary)ဆေးရုံ၌ ရင်ခေါင်းခွဲစိတ်ကုပညာကို သွားရောက်လေ့လာသင်ယူခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ရင်ခေါင်းခွဲစိတ်ကုဌာန မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ စ၍မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ပါမောက္ခ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ ဧပြီလတွင်တာဝန်မှ အနားယူခဲ့သည်။၁၉၇၃ ခုနှစ်တွင် ဒေါက်တာမြင့်မြင့်ဝင်းနှင့် လက်ထပ်ခဲ့ပြီး၊သမီး(၃)ဦးထွန်းကားသည်။

Comments

comments